Practical Chinese Learning Tips တွေကိုမျှဝေပေးနေတဲ့pageလေးမို့like& follow လုပ်ပေးထားလို့ရပါတယ်
pinyinဆိုတာဘာလဲ
pinyinဆိုတာဘာလဲ
အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ တရုတ်စာမှာလည်းpinyinဆိုတဲ့phoneticတွေရှိပါတယ်တရုတ်စာကိုအခြေခံကစလေ့လာတော့မဲ့သူအနေနဲ့ pinyinကိုစလေ့လာရပါမယ်pinyinဆိုတာက တရုတ်စာလုံးတွေကို အင်္ဂလိပ်အက္ခရာနဲ့အသံထွက်ဖော်ပြတဲ့စနစ်ပါ။တရုတ်စာကိုစတင်လေ့လာတဲ့ခါpinyinကိုစလေ့လာရပါတယ်။Pinyinကတရုတ်စာရဲ့"အသံ"ကိုဖော်ပြတာပါPinyinကတရုတ်စာလုံးမဟုတ်ပါဘူး။တချို့ တရုတ်စာလုံးတွေမှာ 多音字 (Duōyīnzì)ဆိုတဲ့အသံထွက်တစ်မျိုးမကရှိတဲ့တရုတ်စာလုံးတွေရှိပါတယ်။多音字 (Duōyīnzì) ဆိုတာတရုတ်စာလုံးတစ်ခုထဲကိုမှအသံထွက်နှစ်မျိုးသုံးမျိုးရှိနေတဲ့စာလုံးတွေကိုဆိုလိုတာပါ။အဲလိုစာလုံးတွေကိုတော့pinyinသိထားရင်ပိုပြီဆင်ပြေပါတယ်။တရုတ်စာလေ့လာတဲ့ခါpinyinကတော်တော်လေးအရေးပါပါတယ်။
pinyinကိုဘာကြောင့်သင်ရတာလဲ
တရုတ်စာစလေ့လာတဲ့ခါpinyinကိုဘာကြောင့်အရင်ဆုံးစလေ့လာရလဲဆိုရင်တရုတ်စာလုံးတွေရဲ့ အသံထွက်တွေကိုမှန်ကန်ကန်ဖက်နိုင်ဖို့ပါ။pinyinကိုအရင်ပိုင်နိုင်သွားပြီးဆိုရင်တရုတ်စာလုံးတွေလေ့လာတဲ့အခါမှာအသံထွက်ကို မှန်မှန်ကန်ကန်ထွက်နိုင်လာပါလိမ့်မယ်။ဒါမယ့်အဲလိုအသံထွက်မှန်ဖို့ကလုံေလာက်တဲ့ လေကျင့်မှုရှိရမယ်ကိုယ်မသိထားသေးတဲ့တရုတ်စာလုံးအသစ်တစ်ခုကိုအွန်လိုင်းမှာရှာလိုက်မယ်ဆိုရင်ကိုယ်ရှာလိုက်တဲ့စာလုံးရဲ့အသံထွက်ကိုpinyinနဲ့ဖော်ပြပေးပါတယ်။အဲလိုခြေနေမှာကိုယ်ကpinyinတက်ထားတဲ့ တွက်စာလုံးတစ်လုံးရဲ့အသံထွက်ကိုအလွယ်တကူရှာပြီးတော့သိနိုင်ပါတယ်။pinyinမသင်ပဲနဲ့တရုတ်စာလုံးတွေကိုဒီတိုင်းအလွယ်တကူလျှောက်မှတ်လို့မရပါဘူး။တချို့ တွေဆိုမြန်မာလိုတွေကောက်မှတ်လိုက်တာတကယ်အဆင်မပြေပါ ဘူး။အဲလိုပြီးစလွယ်မှတ်လိုက်တဲ့ခါအသံထွက်တွေလွဲသွားပြီးတော်တော်လေးအဆင်မပြေပါဘူး။တရုတ်စကားပြောတဲ့အခါမှာကိုယ်ပြောလိုက်တဲ့စကားကိုတဖက်လူကနာလည်ဖို့ဆိုရင်အသံထွက်မှန်မှန်ကန်ကန်ထွက်နိုင်ဖို့လိုပါမယ်။အသံထွက်မှားသွားရင်အဓိပ္ပာယ်လွဲသွားနိုင်တာကြောင့်pinyinကိုသေချာပိုင်နိုင်ဖို့ အခြေခံထဲကစပြီးလေ့ရတာပါ။တရုတ်စာလုံးတွေကို keybordမှာစာရိုက်တဲ့အခါမှာလည်း pinyinတက်ထားမှသာ စာရိုက်ရတာပိုပြီး အဆင်မှာပါ။တချို့တွေမှာဆိုရင်စာရိုက်စရာမလိုပဲစကားပြောလိုက်ရုံနဲ့စာရိုက်ပေးပြီးသားပေါ်လာပါတယ်ဒါပေမယ့်ကိုယ့်အသံထွက်တော့မှန်ရပါမယ်။အဲကြောင့်pinyinကတရုတ်စာလေ့လာတဲ့အခါမှာ တော်တော်လေးအရေးပါပါတယ်။
pinyinရဲ့ တည်ဆောက်ပုံ
Pinyin (拼音)ကို ဒီသုံးမျိုးနဲ့ဖွဲစည်းထားပါတယ်။
-声母 - Shēngmǔ ဗျည်း (Initials)
b, p, m, f,
d, t, n, l,
g, k, h,
j, q, x,
zh, ch, sh, r,
z, c, s,
y, w
-韵母 - Yùnmǔ သရ (Finals)
a, o, e, i, u, ü, ai, ei, ui, ao, ou, iu, ie, üe, er, an, en, in, un, ün, ang, eng, ing, ong
-声调 - Shēngdiào အသံအနိမ့်အမြင့် (Tones)
ā,á,ǎ,à (轻声ဖော့တဲ့အသံ)
pinyinမှာ声母 - Shēngmǔ ဗျည်းဆိုတဲ့ (Initials)၂၃လုံး/
Yùnmǔ ဆိုတဲ့သရ၂၄လုံး/
Shēngdiàoလို့ခေါ်တဲ့အသံနိမ့်အမြင့်၄မျိုးနဲ့ နောက်ထပ်ဖော့ပြတ် တဲ့အသံမျိုးတစ်ခုရှိပါတယ်။
pinyinရဲ့အသံထွက်တွေကဗျည်းနဲ့သရပေါင်းပြီးတော့မှအသံထွက်တာပါ။တချို့စာလုံးတွေမှာတော့သရတစ်လုံတည်းထွက်တဲ့အသံထွက်တွေလည်းရှိပါတယ်။
ဥပမာများ:
北京 (Běijīng): "ပေကျင်းမြို့"
谢谢 (Xièxie): "ကျေးဇူးတင်ပါတယ်"
中国 (Zhōngguó): "တရုတ်နိုင်ငံ"
Practical Chinese Learning Tips တွေကိုမျှဝေပေးနေတဲ့pageလေးမို့like& follow လုပ်ပေးထားလို့ရပါတယ်
The Mandarin Vibes
#ဘာသာစကား
#တရုတ်စာ
#mandarin
Subscribe to:
Posts (Atom)
pinyinဆိုတာဘာလဲ
pinyinဆိုတာဘာလဲ အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ တရုတ်စာမှာလည်းpinyinဆိုတဲ့phoneticတွေရှိပါတယ်တရုတ်စာကိုအခြေခံကစလေ့လာတော့မဲ့သူအနေနဲ့ pinyinက...
-
pinyinဆိုတာဘာလဲ အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ တရုတ်စာမှာလည်းpinyinဆိုတဲ့phoneticတွေရှိပါတယ်တရုတ်စာကိုအခြေခံကစလေ့လာတော့မဲ့သူအနေနဲ့ pinyinက...
